သတိပေးချက်များ
အပျော်စီးကား၊ ပြိုင်ကားသေး၊ အပန်းဖြေခြင်း (သို့) အားကစားလုပ်ခြင်းဆိုင်သော အောတ
ရိန်းကားများ(ATVs)၊ မော်တော်ဆိုင်ကယ်များ၊ ဂျက်အင်ဂျင်လေအားဖြင့်မောင်းသော ရေ၊မြေ
ပေါ်သွားယာဉ်များ (သို့) ဘရစ်နှင့် စတာတွန်( Briggs & Stratton) မှ ခွင့်မပြုသော ယှဉ်ပြိုင်
ခြင်းတွင်သုံးသည့် ယာဉ်များအတွက် ဘရစ်နှင့် စတာတွန်( Briggs & Stratton) အင်ဂျင်များ ကို
ပုံစံထုတ်ထားခြင်းနှင့် ၄င်းယာဉ်များအတွက် စွမ်းအင်သုံးခြင်းကို ပြုလုပ်မည်မဟုတ်ပါ။
အပြိုင်အဆိုင်တိုးတက်နေသော ထုတ်ကုန်များအကြောင်းအချက်အလက်များအတွက်၊
www.briggsracing.com ကိုကြည့်ပါ။ လမ်းကြမ်းသုံး အသုံးချယာဉ်များ(ATVs) အသုံးပြုခြင်းအတွက်
ကျေးဇူးပြုပြီး ဘရစ်နှင့် စတာတွန် အင်ဂျင်ဆက်စပ်သောစင်တာ (Briggs & Stratton Engine
Application Center) ဖုန်း 1-866-927-3349 သို့ဆက်သွယ်ပါ။ မသင့်တော်သော
အင်ဂျင်အသုံးချခြင်းသည် ဆိုးရွားသောထိခိုက်မှု (သို့) သေဆုံးမှုကို ဖြစ်ပွား စေသည်။
အသိပေးခြင်း
ထိုအင်ဂျင်သည် ဘရစ်နှင့် စတာတွန် (Briggs & Stratton) မှ ဆီမပါဘဲ တင်ပို့ခြင်းဖြစ်သည်။
အင်ဂျင်မစတင်ခင် သင်သည် ၄င်းလက်စွဲမှညွှန်ကြားချက်များအတိုင်း ဆီထည့်ကြောင်း သေချာပါစေ။
အင်ဂျင်ကို ဆီမပါဘဲစမိလျှင် ပြန်ပြင်မရအောင် ပျက်စီးနိုင်ပြီး အာမခံတွင်အကျုံးဝင်မည် မဟုတ်ပါ။
သတိပေးချက်များ
လောင်စာနှင့်၎င်း၏အငွေ့ပြန်ခြင်းသည် အလွန်တရာ မီးလောင်လွယ်ပြီး ပေါက်ကွဲစေနိုင်သည်။
မီး (သို့) ပေါက်ကွဲခြင်းသည် ဆိုးရွားသော လောင်ကျွမ်းခြင်း (သို့) သေဆုံးခြင်းကို ဖြစ်ပွားစေနိုင်သည်။
လောင်စာထည့်သောအခါ
• အင်ဂျင်ကိုပိတ်ထားပြီး လောင်စာအဖုံး ကို မဖယ်ရှားခင် အနည်းဆုံး အင်ဂျင်ကို 2 မိနစ်
အအေးခံပါ။
• လောင်စာကန် အား အပြင်ဘက် (သို့) လေ ဝင်လေထွက်ကောင်းသောနေရာများတွင်ထားပါ။
• လောင်စာကန်အား ပိုလျှံအောင် မဖြည့်ပါနဲ့။ လောင်စာထပ်မံထည့်ခြင်းကိုခွင့်ပြုရန်
လောင်စာကန်ထိပ်ပိုင်းနားအထိ လောင်စာ မဖြည့်ပါနဲ့။
• လောင်စာကို မီးပွင့်မီးပွား၊ ပွင့်နေသောမီးတောက်များ၊ လမ်းကြောင်းပြမီးများ၊ အပူ နှင့်
အခြားမီးလောင်စေသောရင်းမြစ်များမှ ဝေးရာတွင်ထားပါ။
• လောင်စာ အမှတ်များ၊ ကန်၊ အဖုံးနှင့် တပ်ဆင်ခြင်းများကို မကြာခဏ အက်နေခြင်း
(သို့)ယိုစိမ့်ထွက် နေခြင်းရှိ၊မရှိ စစ်ဆေးပါ။ လိုအပ်သလို အစားထိုးပါ။
• လောင်စာလျှံထွက်လျှင် အင်ဂျင်မစခင် ၄င်း အငွေ့ပြန် သည်အထိ စောင့်ပါ။
အင်ဂျင်စတင်သောအခါ
• မီးပွင့်ပလပ်၊ အင်ဂျင်အသံတိတ်စေ သောအဖုံး၊ ဆီအဖုံးနှင့် လေသန့်စင်စက်(တပ်ဆင်ထားလျှင်)
များသည် နေရာတကျရှိပြီး လုံခြုံစိတ်ချရမှုရှိကြောင်း သေချာအောင်လုပ်ပါ။
• မီးပွင့်ပလပ်ကို ဖယ်ထုတ်ပြီး အင်ဂျင်ကို မလည်ပါစေနှင့်။
• အင်ဂျင်သည် ယိုစိမ့်မှုဖြစ်လျှင် အဆို့ (တပ်ဆင် ထားလျှင်) ကို ဖွင့်/လုပ်ဆောင် (OPEN / RUN)
အနေအထားသို့သတ်မှတ်ပြီး လေပြွန် (တပ်ဆင်ထားလျှင်) ကို အမြန် (FAST)
အနေအထားသို့ရွှေ့ပြီး အင်ဂျင်စတင်သည့် တိုင်အောင် စက်ကိုနိုးပါ။
စက်ကိရိယာများမောင်းနှင်သောအခါ
• လောင်စာဆီများ ယိုစိမ့်မှု ဖြစ်သော ထောင့်နေရာတွင် အင်ဂျင်(သို့)ကိရိယာကို မထားပါနှင့်။
• အင်ဂျင်စက် ရပ်ရန် ကာဘရိုက်တာကို ပိတ်ဆို့မထားပါနှင့်။
• စုစည်းထားသော လေသန့်စင်စက်(တပ်ဆင်ထားလျှင်)(သို့)လေစစ်ထုတ်စက် (တပ်ဆင်ထားလျှင်)
ကို ဖယ်ရှားပြီး ဘယ်သောအခါမှ အင်ဂျင်ကို မစပါနှင့် (သို့) မလုပ်ဆောင်ပါနှင့်။
ဆီ လဲလှယ်သောအခါ
• အကယ်၍ သင်သည် ဆီဖြည့် ပြွန်ထိပ်မှ ဆီများယိုစိမ့်နေလျှင် လောင်စာဆီကန်ကို အလွတ်ထားပါ
သို့မဟုတ်လျှင် လောင်စာဆီ များယိုစိမ့်ထွက်ပြီး မီးလောင်ခြင်း(သို့)ပေါက်ကွဲခြင်းဖြစ်ပွားနိုင်သည်။
အဖျားပိုင်းယူနစ်ကို ထိန်းသိမ်းစောင့်ရှောက်သောအခါ
• အဖျားပိုင်း ထိန်း ထားရန်လိုအပ်သော ထိန်းသိမ်းခြင်းလုပ်ဆောင်သောအခါ
လောင်စာဆီကန်သည် အင်ဂျင်တွင် တပ်ဆင်ထားလျှင် လောင်စာဆီကန်ကို အလွတ်ထားပါ
သို့ မဟုတ်လျှင် လောင်စာဆီ များယိုစိမ့် ထွက်ပြီး မီးလောင်ခြင်း (သို့)ပေါက်ကွဲခြင်း
ဖြစ်ပွားနိုင်သည်။
စက်ကိရိယာများပို့ဆောင်သောအခါ
• အပိတ် (CLOSED)အနေ အထား တွင် လောင်စာကန်ကို
အလွတ်ထားပါ(သို့)လောင်စာအဖုံးကိုပိတ်ထားပြီး သယ်ယူပို့ဆောင်ပါ။
လောင်စာ (သို့) လောင်စာကန်နှင့်အတူ ကိရိယာကို သိမ်းသောအခါ
• သံကျိုသည့် မီးဖိုကြီး၊ မီးဖိုများ၊ ရေပူစက်များ (သို့) လမ်းကြောင်းပြမီး(သို့) အခြားမီးလောင်စေ
သော ရင်းမြစ်များရှိသော ကိရိယာ တန်ဆာပလာများသည် လောင်စာဆီငွေ့ကို မီးလောင်စေ
နိုင်သော ကြောင့် ၄င်းတို့မှ ဝေးသောနေရာတွင် သိမ်းပါ။
သတိပေးချက်များ
အင်ဂျင်စတင်ခြင်းသည် မီးပေါက်မီးပွင့်များကို ပြုလုပ်နိုင်သည်။
မီးပွင့်မီးပေါက်များသည် အနီးနားရှိ ပေါက်ကွဲစေသော ဓါတ်ငွေ့များကို မီးလောင်လွယ်ကူစေနိုင်
သည်။
ပေါက်ကွဲခြင်းနှင့်မီးလောင်ခြင်းများ ဖြစ်ပေါ်စေနိုင်သည်။
• အကယ်၍ သဘာဝ(သို့) LP ဓါတ်ငွေ့ယိုစိမ့်ထွက်နေသော နေရာရှိလျှင် အင်ဂျင်ကို မနိုးပါနှင့်။
• အငွေ့များသည် ပေါက်ကွဲစေနိုင်သဖြင့် ဖိအားဖြင့်စတင်ရသောအရည်ကို မသုံးပါနှင့်။
သတိပေးချက်များ
အဆိပ်ဖြစ်စေသော ဓါတ်ငွေ့ဘေးအန္တရာယ်။ အင်ဂျင်မှထွက်သောဓါတ်ငွေ့ (Engine exhaust) တွင်
မိနစ်ပိုင်းအတွင်း သင့်အား အသက်သေ စေသော ဆိပ်ဖြစ်သော ဓါတ်ငွေ့၊ ကာဗွန်မိုနိုဆိုက်ပါဝင်သည်။
သင်သည် ၄င်းကို မမြင်နိုင်၊ အနံ့မခံနိုင်(သို့)အရသာမခံနိုင်ပါ။ သင်သည် အင်ဂျင်မှထွက်သော
ဓါတ်ငွေ့ အခိုးအငွေ့အနံ့မရရင်တောင် ကာဗွန်မိုနိုဆိုက် ဓါတ်ငွေ့ ထိတွေ့မှု ဖြစ်နိုင်ဆဲဖြစ်သည်။
၎င်းကိရိယာကို သုံးစဉ် ဖျားနာခြင်း၊ မူးဝေခြင်း(သို့)အားနည်းခြင်း ဖြစ်ပွားမှုစတင်လျှင် ချက်ချင်း
လေကောင်းလေသန့်ကို ရအောင်လုပ်ပါ။ ဆရာဝန်တစ်ယောက်ကို တွေ့ဆုံပါ။ သင့်တွင်
ကာဗွန်မိုနိုဆိုက် ဓါတ်ငွေ့အဆိပ်သင့်နိုင်သည်။
• ၄င်းစက်ကို ကာဗွန်မိုနိုဆိုက် ဓါတ်ငွေ့များ စုစည်းပြီး နေရာယူသောနေရာများမှ အလား အလာ
ရှိသော အန္တရာယ်ဖြစ်နိုင်ချေများလျော့ချရန် ပြတင်းပေါက် များ၊ တံခါးများ နှင့် လေဝင် လေထွက်
ကောင်းသော နေရာများတွင်သာ အသုံးပြုပါ။
• ဘက်ထရီသုံး ကာဗွန်မိုနိုဆိုက် ဓါတ်ငွေ့အသိပေးများ(သို့)မီးပလပ်-တပ်သုံးကာဗွန်မိုနိုဆိုက်ဓါတ်ငွေ့
အသိပေးများကို ထုတ်လုပ်သူ လမ်းညွှန်ချက်များအရ ဘက်ထရီအပိုဆောင်ထားပြီး
တပ်ဆင်ထားပါ။ မီးခိုးငွေ့အချက်ပေးများသည် ကာဗွန်မိုနိုဆိုက် ဓါတ်ငွေ့ကို မဖော်ထုတ်နိုင်ပါ။
• အိမ်များ၊ ကားဂိုထောင်များ၊ မြေအောက်ခန်းများ၊မြေအောက်နေရာကျဉ်းများ၊ အဖီများ(သို့)
အခြား တစ်စိတ်တစ်ပိုင်းပိတ်ထားသောနေရာများ တွင် ပန်ကာများ(သို့) လေဝင်
လေထွက်အတွက် တံခါးများနှင့်ပြတင်းပေါက်များဖွင့်ထားရင်တောင် ထိုစက်ကို မသုံးပါနှင့်။
ကာဗွန်မိုနိုဆိုက်သည် ၄င်းစက်ကို ပိတ်သည့်တိုင်အောင် ထိုနေရာများတွင်လျင်မြန်စွာ ဖွဲ့စည်းပြီး
နာရီများစွာကြာရှည်ရှိနိုင်သည်။
• ထိုစက်ကို လေစုန်လေအောက်တွင် အမြဲတမ်း နေရာချထားပြီး ချထားသော နေရာများမှ
ထွက်နေသော အင်ဂျင်အခိုးအငွေ့များကို ညွှန်ပြထား သည်။
သတိပေးချက်များ
စနိုးသည့်ကြိုး(ပြန်ကန်ထွက်ခြင်း)၏မြန်မြန်ပြန်ကျုံ့ခြင်းသည် လက်နှင့်လက်မောင်းကို အင်ဂျင်ဆီမှ
သင်ခွင့်ပြုနိုင်သည်ထက်ပိုမြန်အောင် ဆွဲလိမ့်မည်။
အရိုးအက်ခြင်း၊ ကျိုးပဲ့ခြင်း၊ အတွင်းကြေခြင်း(သို့) အဆစ်-အကြောနာခြင်းများ ဖြစ်ပေါ်လာနိုင် သည်။
53
Not for
Reproduction