မြန်မာ
177
ရွေ့လျား နေရာရှာဖွေစနစ်ကို ပြုတ်ကျပျက်စီးမှု မဖြစ်စေရန်အတွက်
ယာဉ်အမိုးပေါ်တွင် အထိုင်ကွင်းဖြင့် ခိုင်မြဲစွာ တပ်ဆင်ထားရမည်။
၎င်းရွှေ့ပြောင်းနိုင်သည့် နေရာရှာဖွေစနစ်ကို တပ်ဆင်ထားသည့် နေရာသည်
နေရာရှာဖွေစနစ်နှင့် အပိုပစ္စည်းများ စုစုပေါင်းအလေးချိန်၏ ရှစ်ဆဒဏ်ကို
ခံနိုင်ရမည်။
LCD မော်နီတာ
လေဝင်လေထွက်နှင့် အပူကူးခြင်းတို့အတွက် နေရာလွတ်လုံလောက်စွာ
ချန်ထားပါ။
မော်တော်ယာဉ်၏ ဗဟိုကွန်ဆိုးတွင်ဖြစ်စေ၊ သတ်မှတ်ထားသည့် မော်နီတာ
တပ်ရန် အပေါက်တွင်ဖြစ်စေ မော်နီတာတစ်ခု တပ်ဆင်ထားရန် အကြံပြု
လိုပါသည်။ ၎င်းကို ယာဉ်မောင်း၏ မြင်ကွင်းအား ပိတ်ကွယ်စေမည့်
နေရာတွင် မတပ်ပါနှင့်။
အင်တီနာ တပ်ဆင်ခြင်း
မှတ်ချက်
- 3G/4G နှင့် Wi-FI အင်တီနာ တပ်ဆင်ခြင်းသည် 3G/4G နှင့် WI-FI
ကို ပံ့ပိုးမှု ပေးနိုင်သော ကိရိယာများနှင့်သာ သက်ဆိုင်သည်။
အင်တီနာများကို သက်ဆိုင်ရာ အင်တီနာ အင်တာဖေ့စ်များတွင်
ဆက်သွယ်ပါ။
လှိုင်းလက်ခံသော အစွန်းများကို အပေါ်သို့ မျက်နှာမူလျက် အင်တီနာများကို
ဒေါင်လိုက် ထားပါ။
ကေဘယ်ကြိုးများ ရှည်လွန်းနေပါက စီးဝင်သော လှိုင်းများကို
သက်ရောက်ခြင်းမရှိစေရန် ကာကွယ်ရန်အတွက် ယင်းတို့ကို လိပ်ထားပါ။
3G/4G အင်တီနာများကို လေကာမှန်များ၊ ထိုင်ခုံနောက်မှီများ သို့မဟုတ်
အခြား သတ္တုမဟုတ်သည့် အရာဝတ္ထုများတွင် တပ်ဆင်ပါ။ ယင်းကို
သတ္တုပစ္စည်းများနှင့် အနည်းဆုံး ၅၀ စင်တီမီတာ အကွာတွင် ထားပါ။
Summary of Contents for DS-MI9605-GA Series
Page 1: ...Mobile Enforcement System Quick Start Guide ...
Page 237: ...UD21370B ...