![HIKVISION DS-MI9605-GA Series Quick Start Manual Download Page 175](http://html.mh-extra.com/html/hikvision/ds-mi9605-ga-series/ds-mi9605-ga-series_quick-start-manual_2132975175.webp)
မြန်မာ
174
ကိရိယာမှ မီးခိုးငွေ့၊ ညှော်နံ့စသည့် အနံ့၊ ဆူညံသံများ ထွက်လာလျှင် ပါဝါ
ချက်ချင်းပိတ်၊ ပါဝါကေဘယ် ဖြုတ်ပြီး ပြုပြင်ရေးစင်တာသို့ ဆက်သွယ်ပါ။
ကိရိယာ ကောင်းကောင်းအလုပ်မလုပ်ပါက သင်ဝယ်ယူခဲ့သော စတိုးဆိုင်ကို
ဖြစ်စေ၊ အနီးစပ်ဆုံး ဝန်ဆောင်မှု စင်တာသို့ဖြစ်စေ ဆက်သွယ်ပါ။ ကိရိယာကို
ခွင့်ပြုမထားသည့် နည်းများဖြင့် ဖြုတ်ခြင်း သို့မဟုတ် ပြင်ဆင်
ပြောင်းလဲခြင်းများ မလုပ်ပါနှင့် (ခွင့်ပြုချက်မရဘဲ ပြင်ဆင်ပြောင်းလဲခြင်း
သို့မဟုတ် ထိန်းသိမ်းပြင်ဆင်ခြင်းကြောင့် ပြဿနာများ ဖြစ်ခဲ့ပါက
မိမိတို့ကုမ္ပဏီမှ တာဝန်ယူမည် မဟုတ်ပါ။)
ပါကင်ကို ဖြေပြီးပါက နောင်တွင် အသုံးပြုရန်အတွက်
ပါကင်ပစ္စည်းအားလုံးကို သိမ်းထားပါ။ မှားယွင်းမှု တစ်စုံတစ်ရာဖြစ်ပွားပါက
ကိရိယာကို မူလ ပါကင် အတိုင်း ပြန်ထုပ်ပိုး၍ စက်ရုံသို့ ပြန်ပို့ရန်
လိုအပ်ပါသည်။ မူရင်းထုတ်ပိုးမှုအတိုင်း မဟုတ်ဘဲ သယ်ယူပို့ဆောင်ခဲ့ပါက
ကိရိယာ ပျက်စီးနိုင်သဖြင့် ကုမ္ပဏီမှ မည်သို့မျှ တာဝန်ယူမည် မဟုတ်ပါ။
ကိရိယာအား အင်တာနက်သို့ ချိတ်ဆက်ထားလျှင် ကွန်ရက်လုံခြုံမှုဆိုင်ရာ
ပြဿနာများ ဖြစ်နိုင်သည့်အတွက် ကိုယ်ရေးအချက်အလက်
ကာကွယ်ရေးနှင့် အချက်အလက် လုံခြုံရေးတို့ကို လုပ်ဆောင်ပါ။ ကွန်ရက်
လုံခြုံမှုဆိုင်ရာ အန္တရာယ်ဖြစ်ပါက ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။
သင့်အနေဖြင့် ဤကိရိယာနှင့် ပတ်သက်သည့် စကားဝှက်များနှင့် အခြား
လုံခြုံရေး ဆက်တင်များကို ထိန်းသိမ်းသတ်မှတ်ရမည်ဖြစ်ပြီး အသုံးပြုသူ
အမည်နှင့် စကားဝှက်တို့ကို မှတ်သားထားရန် တာဝန်ရှိသည်ကို နားလည်ရန်
လိုပါသည်။
အတွင်းနှင့် အပြင် မျက်နှာပြင်များကို နူးညံ့သည့် အဝတ်ခြောက် သို့မဟုတ်
သန့်ရှင်းပေးရန် အသုံးပြုမည့် အခြားပစ္စည်းများဖြင့် စခရင်ကို သန့်ရှင်းရေး
လုပ်ပေးပါ။ အယ်ကာလိုင်းပါဝင်သော ဆပ်ပြာရည်များကို အသုံးမပြုပါနှင့်။
မျက်နှာပြင်ကို အစင်းရာများ မဖြစ်အောင် ကာကွယ်ပါ။
Summary of Contents for DS-MI9605-GA Series
Page 1: ...Mobile Enforcement System Quick Start Guide ...
Page 237: ...UD21370B ...