
မြန်မာ
44
ဤဘက်ထရီကို သင့်နယ်ခံ ပစ္စည်းရောင်းချသူထံ ပြန်ပေးပါ သို့မဟုတ် သတ်မှတ်ထားသည့် စုဆောင်းသော နေရာ၌ စွန့်ပစ်ပါ။ ထပ်မံသိလိုသည်များ ရှိပါက-
ဘေးကင်းလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်
ဤကိရိယာကို တပ်ဆင်ခြင်းနှင့် အသုံးပြုခြင်းများ မလုပ်ဆောင်မီ ဘေးကင်းလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များကို သေချာဖတ်ရှုရမည်။
သတိပေးချက်နှင့် သတိပြုရန် ကိစ္စရပ်များ-
●
ကိရိယာအား တပ်ဆင်ခြင်းနှင့် အသုံးပြုခြင်း လုပ်ဆောင်ရာတွင် မတူညီသော နိုင်ငံများနှင့် ဒေသများရှိ လျှပ်စစ်ဘေးအန္တရာယ် လုံခြုံရေးဆိုင်ရာ စည်းမျဉ်းများကို ကျေးဇူးပြု၍
အတိအကျ လိုက်နာပါ။
●
ဤထုတ်ကုန်ပစ္စည်းအား အသုံးပြုရာတွင် နိုင်ငံနှင့် ဒေသတွင်းရှိ လျှပ်စစ်ဆိုင်ရာ ဘေးကင်းလုံခြုံရေး စည်းမျဉ်းအများကို အပြည့်အဝ လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။
●
သတိပြုရန်- မီးလောင်ကျွမ်းမှု အန္တရာယ်ကို လျော့ချရန်အတွက် အမျိုးအစားနှင့် အဆင့်အတန်း တူညီသည့် ဖျူ့စ်ဖြင့်သာ လဲလှယ်ပေးရမည်။
●
ဤကိရိယာကို မြေချကြိုးတပ်ဆင်ထားသည့် မိန်းပလပ်ပေါက်နှင့် ချိတ်ဆက်ထားရမည်။
●
အဆောက်အဦး၏ လျှပ်စစ်ဆက်သွယ်မှု စနစ်အတွင်း၌ ငုတ်အားလုံးပါသော မိန်းခလုတ် တစ်ခုကို တပ်ဆင်ထားရမည်။
●
သတိပြုရန်- ဤကိရိယာကို သတ်မှတ်ထားသော အထိန်းကွင်းများဖြင့်သာ အသုံးပြုရမည် ဖြစ်သည်။ အခြား (လက်တွန်းလှည်းများ၊ စင်များ သို့မဟုတ်
သယ်ဆောင်သည့်စင်များ) ပစ္စည်းများနှင့် အသုံးပြုခြင်းကြောင့် မတည်မငြိမ်ဖြစ်ပြီး အနာတရ ဖြစ်စေနိုင်ပါသည်။
●
ဘက်ထရီကို မြိုချခြင်း မပြုပါနှင့်။ ဓာတုလောင်ကျွမ်းမှု အန္တရာယ် ဖြစ်နိုင်သည်။
●
ဤကိရိယာတွင် ငွေအကြွေစေ့/ကြယ်သီးပုံ ဆဲလ်ဘက်ထရီတစ်လုံး ပါရှိသည်။ ငွေအကြွေစေ့/ကြယ်သီးပုံ ဆဲလ်ဘက်ထရီကို မြိုချမိပါက အချိန် ၂ နာရီအတွင်း ပြင်းထန်သော
ခန္ဓာကိုယ်တွင်း ဓာတုလောင်ကျွမ်းမှုများ ဖြစ်စေနိုင်ပြီး သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။
●
ဘက်ထရီ အသစ်များ၊ သုံးပြီးသားများကို ကလေးများနှင့် ဝေးရာတွင် ထားပါ။
●
ဘက်ထရီအခန်း သေချာမပိတ်ပါက ထိုကိရိယာကို ဆက်မသုံးဘဲ ကလေးများနှင့် ဝေးရာတွင် ထားပါ။
●
ဘက်ထရီကို မြိုချမိသည် သို့မဟုတ် ခန္ဓာကိုယ်တွင်း နေရာတစ်နေရာသို့ ဝင်သွားသည်ဟု ထင်ပါက ဆေးကုသမှု ချက်ချင်းခံယူပါ။
●
သတိပြုရန်- မှန်ကန်မှုမရှိသော ဘက်ထရီအမျိုးအစားဖြင့် လဲမိပါက ပေါက်ကွဲမှုဖြစ်နိုင်သည်။
●
ဘက်ထရီကို ပုံစံမမှန်ဘဲ မှားယွင်းသော အမျိုးအစားတစ်ခုဖြင့် အသစ်လဲခဲ့ပါက safeguard ပျက်စီးနိုင်သည် (ဥပမာအားဖြင့် အချို့သော လစ်သီယမ်
ဘက်ထရီအမျိုးအစားများတွင်)။
●
ဘက်ထရီကို ပေါက်ကွဲမှု ဖြစ်ပေါ်စေနိုင်သည့် မီးအတွင်းသို့၊ သို့မဟုတ် မီးဖိုအတွင်း၊ သို့မဟုတ် စက်ပစ္စည်းသုံး ထုခြေခြင်း၊ သို့မဟုတ် ဖြတ်တောက်ခြင်း ဖြင့် မစွန့်ပစ်ပါနှင့်။
●
ဘက်ထရီကို အလွန်အမင်း မြင့်မားသည့် အပူချိန်ရှိသည့် ပတ်ဝန်းကျင်တွင် မထားပါနှင့်၊ ပေါက်ကွဲမှု ဖြစ်နိုင်သည် သို့မဟုတ် မီးလောင်လွယ်သည့် အရည် သို့မဟုတ်
ဓာတ်ငွေ့များ ထွက်လာနိုင်သည်။
●
ဤဘက်ထရီကို အလွန်နိမ့်သည့် လေဖိအားနှင့် ထိတွေ့ခြင်း မရှိစေရ၊ ပေါက်ကွဲမှု ဖြစ်နိုင်သည် သို့မဟုတ် မီးလောင်လွယ်သည့် အရည် သို့မဟုတ် ဓာတ်ငွေ့များ
ထွက်လာနိုင်သည်။
●
အသုံးပြုပြီး ဘက်ထရီများကို လမ်းညွှန်ချက်များနှင့်အညီ စွန့်ပစ်ပါ။
●
ဘက်ထရီ အထိန်းကို ခွဲခြားသတ်မှတ်ပြီး ဘက်ထရီ အထိန်းအတွင်းမှ ဆဲလ်(များ) နေရာထားရှိပုံကို ခွဲခြားမှတ်သားထားပါ။
●
+ တိုက်ရိုက်လျှပ်စီးကြောင်းနှင့် အသုံးပြုသော သို့မဟုတ် တိုက်ရိုက်လျှပ်စီးကြောင်း ထွက်သော ကိရိယာ၏ အပေါင်းငုတ်(များ)ကို ခွဲခြားမှတ်သားပါ။ -
တိုက်ရိုက်လျှပ်စီးကြောင်းနှင့် အသုံးပြုသော သို့မဟုတ် တိုက်ရိုက်လျှပ်စီးကြောင်း ထွက်သော ကိရိယာ၏ အနှုတ်ငုတ်(များ)ကို ခွဲခြားမှတ်သားပါ။
●
ဤကိရိယာကို ရေစိမ့်ကျခြင်း သို့မဟုတ် ဖြန်းပတ်ခြင်းများနှင့် မထိစေရန်နှင့် ပန်းအိုးများ ကဲ့သို့သော အရည်ဖြည့်ထားသည့် ပစ္စည်းများကို ကိရိယာအပေါ်တွင် မတင်ရပါ။
●
AC မိန်းဓာတ်အားသို့ ချိတ်ဆက်သည့် ငုတ်များ ချိတ်ဆက်ပုံ မှန်ကန်စေရန် လုပ်ဆောင်ပါ။
●
လိုအပ်ပါက IT ပါဝါဖြန့်ချိမှု စနစ်တစ်ခုနှင့် ချိတ်ဆက်နိုင်ရန်အတွက် ဤကိရိယာကို ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။
●
မီးထွန်းထားသည့် ဖယောင်းတိုင်များ ကဲ့သို့သော အကာအကွယ်မရှိသည့် မီးအရင်းအမြစ်များကို ကိရိယာအပေါ်တွင် မထားရပါ။
●
လေဝင်လေထွက် အတားအဆီး မဖြစ်စေရန်အတွက် လေဝင်လေထွက် အပေါက်များကို သတင်းစာများ၊ စားပွဲခင်းများ၊ ကန့်လန့်ကာများ စသည်တို့နှင့် ပိတ်ကာထားခြင်း
မပြုရပါ။ ကိရိယာကို အိပ်ယာ၊ ဆိုဖာ၊ ဖျာ သို့မဟုတ် အခြားသော အလားတူမျက်နှာပြင်များပေါ် တင်ထားခြင်းဖြင့် ၎င်းလေဝင်လေထွက် အပေါက်များကို မပိတ်စေရပါ။
●
လေဝင်လေထွက် လုံလောက်စွာ ရရှိစေရန်အတွက် ကိရိယာ ဝန်းကျင်တွင် အနည်းဆုံး ၈ မီလီမီတာ အကွာအဝေးတွင် ထားပါ။
●
ဤကိရိယာ၏ USB ပေါက်ကို မောက်စ်၊ ကီးဘုတ် သို့မဟုတ် USB ဖလက်ရှ်ဒရိုက်နှင့် ချိတ်ဆက်ရန် အသုံးပြုရမည်။
●
ဤကိရိယာကို ဤလမ်းညွှန်ပါ လမ်းညွှန်ချက်များနှင့်အညီ တပ်ဆင်ပါ။
●
ဒဏ်ရာအနာတရ ဖြစ်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် ဤကိရိယာကို တပ်ဆင်ရန် လမ်းညွှန်ချက်များနှင့်အညီ အထိန်းကွင်းနှင့် ခိုင်မြဲစွာ ချိတ်ဆက်ပေးထားရမည်။
●
ကိရိယာကို သယ်ယူချိန် သို့မဟုတ် အသုံးပြုချိန်တွင် ဒေါင်လိုက်ထားပါ။
.