
သုံးစွဲရန်အညွှန်း / မြန်မာဘာသာ
202
• ကလေးများ ဤပစ္စည်းကို အရုပ်ကစားသလို မသုံးစေရန်
ကြီးကြပ်ဂရုပြုပေးရမည်။
• သင့်အနေဖြင့် အပူအအေး အာရုံခံစားမှုဆိုင်ရာ
ပြဿနာများ ရှိခဲ့ပါက (ဥပမာ ဆီးချိုရှိသူ၊
ကိုယ်အင်္ဂါချို့တဲ့သူ) ဤပစ္စည်းကို အသုံးမပြုမီ
ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။
• သင့်ခြေထောက်အရေပြား နီရဲလာခြင်းရှိမရှိ
ပုံမှန်စစ်ဆေးပေးပါ။ မြင့်မားသော အပူချိန်နှင့်
အချိန်ကာလကြာရှည်စွာ ထိတွေ့ခြင်းကြောင့်
အရေပြားလောင်ကျွမ်းမှုများ ဖြစ်လာနိုင်ပါသည်။
ကလေးများအား လူကြီးများ၏ ကြီးကြပ်မှုရှိမှသာ
ဤပစ္စည်းကို အသုံးပြုခွင့် ပေးသင့်သည်။
• ဤပစ္စည်းကို တိရိစ္ဆာန်များအား အနွေးဓာတ်ပေးရာတွင်
အသုံးမပြုသင့်ပါ။
• သတိပေးချက် - အားသွင်းရန်အတွက်
တစ်ပါတည်းပါဝင်သော USB Therm-ic
အားသွင်းကြိုးကိုသာ အသုံးပြုပါ။ အားသွင်းရာတွင် 5V/2A
အထွက်အားရှိသော Therm-ic DC အားသွင်းကြိုးကို
အသုံးပြုခြင်းသည် အသင့်လျော်ဆုံး ဖြစ်ပါသည်။
ထိုအားသွင်းကြိုးကို အိမ်အတွင်း အသုံးပြုရန်သာ
ပုံစံထုတ်ထားခြင်း ဖြစ်သောကြောင့် စိုထိုင်းသည့်
ပတ်ဝန်းကျင်နှင့် ထိတွေ့မှုမရှိစေရန် ဂရုပြုရမည်
ဖြစ်ပါသည်။
• ဘက်ထရီအတွဲများကို ဖွင့်ရန်မကြိုးစားပါနှင့်။ လစ်သီယမ်-
အိုင်းယွန်း ဘက်ထရီများကို မှားယွင်းကိုင်တွယ်မှုကြောင့်
ပေါက်ကွဲမှု ဖြစ်နိုင်သည်။
• ပျက်စီးနေသော ဘက်ထရီများကို ဆက်လက်မသုံးဘဲ
ချက်ချင်း စွန့်ပစ်ရမည် ဖြစ်ပါသည်။
• အားသွင်းကြိုးများ သို့မဟုတ် ပစ္စည်း၏
အခြားအစိတ်အပိုင်းများ ပျက်စီးနေသည်ကို
တွေ့ရှိခဲ့ပါက ထိုပစ္စည်းအား အသုံးမပြုရပါ။
ထိုပစ္စည်းကို ပြုပြင်ပြောင်းလဲခြင်း သို့မဟုတ်
မသက်ဆိုင်သော နေရာများတွင် အသုံးပြုခြင်းများကို
ရှောင်ကျဉ်ရမည် ဖြစ်သည်။ ဘက်ထရီကို
ပြုပြင်ရာတွင် ထုတ်လုပ်သူထံသို့သာ
အပ်နှံလုပ်ဆောင်စေရမည်။ ပျက်စီးသွားသော
အားသွင်းပစ္စည်းများ သို့မဟုတ် အားသွင်းကြိုးများကို
ပြုပြင်၍မရပါ။ အားသွင်းပစ္စည်များကို ဒေသတွင်းရှိ
စည်းမျဉ်းစည်းကမ်းများနှင့် အညီ လျှစ်စစ်ပစ္စည်း
စွန့်ပစ်ရန် သတ်မှတ်ထားသော နေရာများတွင်
စွန့်ပစ်ပေးရမည် ဖြစ်ပါသည်။
• မေးမြန်းစရာများ၊ အဆင်မပြေမှုများ ရှိခဲ့ပါက ရောင်းချသူ
သို့မဟုတ် ထုတ်လုပ်သူထံ ဆက်သွယ်နိုင်ပါသည်
(စာအိတ်နောက်ကျောတွင် လိပ်စာပါဝင်ပါသည်)။
• C-Pack ဘက်ထရီကို မီးထဲပစ်ထည့်ပါက ပေါက်ကွဲမှု
ဖြစ်နိုင်ပါသည်။
Summary of Contents for C-PACK 1300 Bluetooth
Page 1: ......
Page 2: ...2 1 1 1 3 1 2 1 3 1 4 1 6 1 5 1 6 1 7 1 8 1 3 1 4 1 6 1 6 1 7 1 8 1 9 OPTIONAL ...
Page 3: ...3 INSTRUCTIONS FOR USE Video ...
Page 4: ...4 ...
Page 189: ...取扱説明書 日本語 189 ...
Page 190: ...191 ...
Page 191: ...190 191 191 191 193 193 194 194 195 195 195 196 197 197 197 197 ...
Page 192: ...193 ...
Page 193: ...192 ...
Page 194: ...195 ...
Page 195: ...194 ...
Page 196: ...197 ...
Page 197: ...196 ...
Page 198: ...199 ...
Page 199: ...198 ...
Page 210: ...210 ...
Page 211: ...211 ...
Page 212: ......